July 10, 2022 – by Oun vi sot – Leave a Comment

လိုင်းပေါ်မှာ လူပြောများနေတဲ့ ၇၀ နှင့် ၂၇ နှစ် အတွဲ အကြောင်း စပ်စုကြည့်လိုက်တဲ့ အခါမှာတော့

လိုင်းပေါ်မှာ လူပြောများနေတဲ့ အတွဲ အကြောင်းကို စပ်စု  လိုက်တာ အဖွဲ့တွေ မှ အမျိုးမျိုး ကွဲ နေ ကြ တာသတိထားမိတယ် ။

၁။ ဒီအရွယ်ရောက်တာတောင် လင်စိတ်သားစိတ် မကုန်သေးဘူးလားဆိုတဲ့အဖွဲ့ရယ် ။

၂။ ငါတို့များတော့ ရှိတဲ့ဟာတောင် ပြန်အမ်းချင်နေတာ ဆိုတဲ့ လင် စိတ် သားစိတ် ကုန်ခမ်းနေသူတွေက တစ်ဖွဲ့ရယ် ။

၃။ ဒီအရွယ်ကို ဟယ် ဘုရား တရားနဲ့ နေရမှာ ဆိုတဲ့ ဘုရားဒကာတစ်ဖွဲ့ရယ် ။

၄။ အဖွားကြီးက ချမ်းသာလို့ အပိုင်ကြံတာ တစ်နေ့ ဒုက္ခ နဲ့ လှလှတွေ့တော့မှာပဲ ဆိုပြီး အနာဂါတ် အကြားမြင် ဆရာကြီးတွေက တစ်ဖွဲ့ရယ်။

၅။ သြော် ဖူးစာ ဆိုတာ ဆန်းကြယ်ပါလားနော် •••ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးပါတယ် ဆိုတဲ့ ကံ ယုံပြီး ဆုတောင်း တတ်ကြသူတွေက တစ်ဖွဲ့ ။

၆။ ဟဲ့ သူ့လယ်ကွက် နဲ့ သူ ယူတာ နင်တို့ လယ်ကွက် ငှားပြီး ယူမိလို့လားအပြစ်တင်နေကြတာလား ဆိုတဲ့ မြေစာရင်း ဋ္ဌာနက တစ်ဖွဲ့ ။

၇။ ဒီအရွယ် နဲ့ မသင့် မတော် အကုန်အကျခံပြီး ထောက်ပံ့ လင်ယူရမဲ့ အစား ဘိုးဘွားရိပ်သာတို့ ပရဟိတတို့ ဓမ္မရိပ်သာတို့ လှူတန်း ပေးကမ်းရင်း နေသွားပါလား ဆိုတဲ့ ဝိသာခါအဖွဲ့က တစ်ဖွဲ့ ။

၈။ ဟာ!!!! နံနံရေးက မကောင်းတဲ့ကြား ဒီအဖွားကြီး ဂယက် ထနေတာ စိတ်ကုန်ပါ့ ဆိုတဲ့ မျိုးချစ် အဖွဲ့က တစ်ဖွဲ့ ။

၉။ ဘယ်သူ ဘာပြောပြော အရွယ်နဲ့မလိုက် နုဖတ်နေတာပဲ ရှေ့သွား နောက်လိုက် ညီတယ် ပြောတာတွေ ဂရုမစိုက်နဲ့ ဆိုတဲ့ အမြှောက်အပင့် ကောင်းတဲ့ မိုးပျံ ပူဖောင်းအဖွဲ့က တစ်ဖွဲ့ ။

၁၀။ လူတွေများ ခက်တယ်နော် သူများ လင်ငယ်ငယ်လေးရတာကို မုဒိတာ မပွားနိုင်ပဲ အားအား ယားယား မနာလိုပြီး ဝိုင်း အာနေလိုက်ကြတာနော် ဆိုတဲ့ ဖြူစင်မေတ္တာ အဖွဲ့က တစ်ဖွဲ့ ။

၁၁။ ဟဲ့ ဟဲ့ ကွန်ဒိုတစ်လုံး အိမ်ခြံမြေ ( ၅ )လုံး အစုရှယ်ယာ ထည့်ထားတဲ့ ကုမ္ပဏီတွေကလဲ အများကြီး တွက်ကြည့်ရင် •••အမယ်လေး ငါတောင်ရရင် လိုချင်သေး ဆိုတဲ့ စာရင်းစစ် အဖွဲ့က တစ်ဖွဲ့ ။

၁၂။ ဒီလောက် ချမ်းသာတာ လင်ငယ်ငယ်လေး ယူပြီး ဟိုက မငြိမ်တော့မှ ကိုယ့်အဆံနဲ့ ကိုယ် ဒူး နဲ့ မျက်ရည်သုတ် အသက် တိုမယ် ဆိုတဲ့ လဝက အဖွဲ့က တစ်ဖွဲ့ ။

၁၃။ ပြောမရဘူး အဖွားကြီးက ချမ်းသာတော့ ရှိတာတွေ အကုန် သမ ချသွားမှ ဒုက္ခ ဆိုတဲ့ စ ၃ လုံး အဖွဲ့က တစ်ဖွဲ့ ။

၁၄။ ယူတာက ယူပါ မပြောပါဘူး ခုက တစ်တော့ ဆော့ပြီး တင် တင်နေတာ သောက်လုံးတွေလဲ

နောက်လှပါပြီဟယ် ဆိုတဲ့ သောက်လုံး နောက်တဲ့ ကြားက သွား သွား ကြည့်ပြီး မန့်နေတဲ့ သောက်လုံးနောက် အဖွဲ့က တစ်ဖွဲ့ ။

၁၅။ အို

••• ဘာဖြစ်ဖြစ် သူတောင် ၇၀ နဲ့ ၂၇ ကို ရသေးတာ ဘဝမှာ ပိုက်ဆံရှိရင် ဘာမဆို အကုန်ရတယ် ငွေရှာဖို့က အဓိက ဆိုတဲ့ အီကောနောမစ် ဂေါ်မစွံတွေက တစ်ဖွဲ့ ။

၁၆။ တို့က ခုမှ ၅၀ ကျော် ၆၀ ကျော်ပဲ ရှိသေး တာ သူငယ်လေး တစ်ယောက်တော့ အသာလေး ကောက်ယူ ပြနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက် အကြီးကြီးနဲ့ စိတ်ကူးယဉ်တဲ့ အဖွဲ့က တစ်ဖွဲ့ ။

၁၇။ သူများတွေများ ၇၀ ကျော်ကို ကားတင် ခိုးပြေး ခံရတယ်တဲ့ ငါတို့များ မှာတော့

လာခိုးမဲ့ ကား ဆိုလို့ အမှိုက်ကား နဲ့ ဆိုက်ကား တောင် မရှိပါလား ဆိုပြီး depression တွေ အရမ်း ဝင်နေတာက တစ်ဖွဲ့ ။

၁၈။ ဒီကြားထဲ ဘယ်သူ ဘာပြောပြော ရိုးသား ကြိုးစား ဧရာဝတီတိုင်းသား တို့ဖွားဖွား ဆိုပြီး အတင်း ဂုဏ်ဆာပြနေတဲ့အဖွဲက တစ်ဖွဲ့။နင်ကလည်း ဘယ်အဖွဲ့ကလည်း လာ မမေးနဲ့နော် •••

၁၉ ။ သူများတွေ ရေးတာ ပြောတာ ဗဟုသုတ အဖြစ် လိုက်ဖတ် လိုက်မှတ်ပြီး စုစည်း တင်ပြတဲ့ ဗဟုသုတ ရှာမှီးတဲ့ အဖွဲ့ထဲကပါ ။

မယဉ်ယဉ် ( ဝါးခယ်မ)

လိုင်းပေါ်မှာ လူပြောများနေတဲ့ ၇၀ နှင့် ၂၇ နှစ် အတွဲ အကြောင်း

စပ်စုကြည့်လိုက်တဲ့ အခါမှာတော့

လိုင်းပေါ်မှာ လူပြောများနေတဲ့ အတွဲ အကြောင်းကို စပ်စု

လိုက်တာ အဖွဲ့တွေ မှ အမျိုးမျိုး ကွဲ နေ ကြ တာသတိထားမိတယ် ။

၁။ ဒီအရွယ်ရောက်တာတောင် လင်စိတ်သားစိတ် မကုန်သေးဘူးလားဆိုတဲ့အဖွဲ့ရယ် ။

၂။ ငါတို့များတော့ ရှိတဲ့ဟာတောင် ပြန်အမ်းချင်နေတာ ဆိုတဲ့ လင် စိတ် သားစိတ် ကုန်ခမ်းနေသူတွေက တစ်ဖွဲ့ရယ် ။

၃။ ဒီအရွယ်ကို ဟယ် ဘုရား တရားနဲ့ နေရမှာ ဆိုတဲ့ ဘုရားဒကာတစ်ဖွဲ့ရယ် ။

၄။ အဖွားကြီးက ချမ်းသာလို့ အပိုင်ကြံတာ တစ်နေ့ ဒုက္ခ နဲ့ လှလှတွေ့တော့မှာပဲ ဆိုပြီး အနာဂါတ် အကြားမြင် ဆရာကြီးတွေက တစ်ဖွဲ့ရယ်။

၅။ သြော် ဖူးစာ ဆိုတာ ဆန်းကြယ်ပါလားနော် •

••ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးပါတယ် ဆိုတဲ့ကံ ယုံပြီး ဆုတောင်း တတ်ကြသူတွေက တစ်ဖွဲ့ ။

၆။ ဟဲ့ သူ့လယ်ကွက် နဲ့ သူ ယူတာ နင်တို့ လယ်ကွက် ငှားပြီး ယူမိလို့လားအပြစ်တင်နေကြတာလား ဆိုတဲ့ မြေစာရင်း ဋ္ဌာနက တစ်ဖွဲ့ ။

၇။ ဒီအရွယ် နဲ့ မသင့် မတော် အကုန်အကျခံပြီး ထောက်ပံ့ လင်ယူရမဲ့ အစား ဘိုးဘွားရိပ်သာတို့ ပရဟိတတို့ ဓမ္မရိပ်သာတို့ လှူတန်း ပေးကမ်းရင်း နေသွားပါလား ဆိုတဲ့ ဝိသာခါအဖွဲ့က တစ်ဖွဲ့ ။

၈။ ဟာ!!!! နံနံရေးက မကောင်းတဲ့ကြား ဒီအဖွားကြီး ဂယက် ထနေတာ စိတ်ကုန်ပါ့ ဆိုတဲ့ မျိုးချစ် အဖွဲ့က တစ်ဖွဲ့ ။

၉။ ဘယ်သူ ဘာပြောပြော အရွယ်နဲ့မလိုက် နုဖတ်နေတာပဲ ရှေ့သွား နောက်လိုက် ညီတယ် ပြောတာတွေ ဂရုမစိုက်နဲ့ ဆိုတဲ့ အမြှောက်အပင့် ကောင်းတဲ့ မိုးပျံ ပူဖောင်းအဖွဲ့က တစ်ဖွဲ့ ။

၁၀။ လူတွေများ ခက်တယ်နော် သူများ လင်ငယ်ငယ်လေးရတာကို မုဒိတာ မပွားနိုင်ပဲ အားအား ယားယား မနာလိုပြီး ဝိုင်း အာနေလိုက်ကြတာနော် ဆိုတဲ့ ဖြူစင်မေတ္တာ အဖွဲ့က တစ်ဖွဲ့ ။

၁၁။ ဟဲ့ ဟဲ့ ကွန်ဒိုတစ်လုံး အိမ်ခြံမြေ ( ၅ )လုံး အစုရှယ်ယာ ထည့်ထားတဲ့ ကုမ္ပဏီတွေကလဲ အများကြီး တွက်ကြည့်ရင် •••အမယ်လေး ငါတောင်ရရင် လိုချင်သေး ဆိုတဲ့ စာရင်းစစ် အဖွဲ့က တစ်ဖွဲ့ ။

၁၂။ ဒီလောက် ချမ်းသာတာ လင်ငယ်ငယ်လေး ယူပြီး ဟိုက မငြိမ်တော့မှ ကိုယ့်အဆံနဲ့ ကိုယ် ဒူး နဲ့ မျက်ရည်သုတ် အသက် တိုမယ် ဆိုတဲ့ လဝက အဖွဲ့က တစ်ဖွဲ့ ။

၁၃။ ပြောမရဘူး အဖွားကြီးက ချမ်းသာတော့ ရှိတာတွေ အကုန် သမ ချသွားမှ ဒုက္ခ ဆိုတဲ့ စ ၃ လုံး အဖွဲ့က တစ်ဖွဲ့ ။

၁၄။ ယူတာက ယူပါ မပြောပါဘူး ခုက တစ်တော့ ဆော့ပြီး တင် တင်နေတာ သောက်လုံးတွေလဲ

နောက်လှပါပြီဟယ် ဆိုတဲ့ သောက်လုံး နောက်တဲ့ ကြားက သွား သွား ကြည့်ပြီး မန့်နေတဲ့ သောက်လုံးနောက် အဖွဲ့က တစ်ဖွဲ့ ။

၁၅။ အို ••• ဘာဖြစ်ဖြစ် သူတောင် ၇၀ နဲ့ ၂၇ ကို ရသေးတာ ဘဝမှာ ပိုက်ဆံရှိရင် ဘာမဆို

အကုန်ရတယ် ငွေရှာဖို့က အဓိက ဆိုတဲ့ အီကောနောမစ် ဂေါ်မစွံတွေက တစ်ဖွဲ့ ။

၁၈။ ဒီကြားထဲ ဘယ်သူ ဘာပြောပြော ရိုးသား ကြိုးစား ဧရာဝတီတိုင်းသား တို့ဖွားဖွား ဆိုပြီး အတင်း ဂုဏ်ဆာပြနေတဲ့အဖွဲက တစ်ဖွဲ့။နင်ကလည်း ဘယ်အဖွဲ့ကလည်း လာ မမေးနဲ့နော် •••

၁၉ ။ သူများတွေ ရေးတာ ပြောတာ ဗဟုသုတ အဖြစ် လိုက်ဖတ် လိုက်မှတ်ပြီး စုစည်း တင်ပြတဲ့ ဗဟုသုတ ရှာမှီးတဲ့ အဖွဲ့ထဲကပါ ။

မယဉ်ယဉ် ( ဝါးခယ်မ)

Related Posts

By sopat

Leave a Reply

Your email address will not be published.