)





C8 News

ရာအိမ်မှူး ဦးဘိုကျော် ဓါးခုတ်ခံရလို့ သေဆုံး

ရန်ကုန်၊ ဇူလိုင် (၁၅)

ပဲခူးမြို့၊ မဇင်းရပ်ကွက်က ရာအိမ်မှူး ဦးဘိုကျော် ကို ဒီနေ့ နေ့လည်ပိုင်းက အမည်မသိလူတချို့က အိမ်ပေါ်တက်ကာ ဓါးနဲ့ ခုတ်ခဲ့လို့ သေဆုံးသွားပြီဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“သေသွားသူက ရပ်ကွက်ထဲမှာ ရာအိမ်မှူးဆိုတော့ ထောင်ထောင်ထောင် လုပ်နေတာလေ။ မကျေနပ်တဲ့သူက သတ်တာပဲဖြစ်မယ်။ သတ်တဲ့လူက ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူး” လို့ အမည်မဖော်ပြလိုတဲ့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နေ့စဉ် သတ်သင်ရှင်းလင်းနေတာ ဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက် ရာအိမ်မှူး ကိုလတ် (ခ) ဦးခင်မောင်လတ် သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားခဲ့ပါသေးတယ်။

C8 News


ရန်ကုန်၊ ဇူလိုင် (၁၅)





C8 News

Leave a Reply

Your email address will not be published.